Monday, August 17, 2009

၁ ကနေ ၁၀၀

အရင်တုန်းက
မင်းရောက်မဲ့အချိန်လေးက
ညနေ (၆) နာရီ
အဲဒီအချိန်လေးရောက်ရင်
ငါတစ်ယောက်တည်း မျက်လုံးလေးမှိတ်ပြီး
၁ ကနေ ၁၀၀ ထိရေတွက်နေတယ်
ငါရေတွက်လို့ မဆုံးခင်မှာပဲ
မင်းရောက်လာတတ်တယ်
ဒီနေ့တော့ ၁ ကနေ ၁၀၀ အထိရေတွက်ရတာ
ဘယ်နှစ်ကြိမ်မှန်းကို မသိတော့ဘူး
အော်..... ခုမှ ငါသိတယ်
၁ ကနေ ၁၀၀ ကဒီလောက်တောင်ရှည်ပါလား?????

0 comments:

Post a Comment