Tuesday, August 18, 2009

မုဆိုးနဲ့နတ်သမီး

တစ်ခါက နတ်သမီးခုနှစ်ဖော်ဟာ တောနက်ထဲမှာရှိတဲ့ ရေကန်ကြီးတစ်ကန်ကို နတ်ပြည်ကနေဆင်းပြီးရေချိုးကြတယ်။ သူတို့ရေချိုးတာကို တောထဲကတိရိစ္ဆာန်တွေကလွဲပြီး ဘယ်သူမှ မသိကြဘူး။ တစ်နေ့တော့ သစ်ခုတ်သမားတစ်ယောက်က ဒါဏ်ရာရနေတဲ့သမင်တစ်ကောင်ကို ကူညီလိုက်တယ်။ သမင်လေးက ကျေးဇူးဆပ်တဲ့အနေနဲ့ နတ်သမီးလေးတွေ ရေချိုးတဲ့ရေကန်ကို ပြောပြလိုက်တယ်။ သမင်ကိုလိုက်နေတဲ့ မုဆိုးရောက်လာပြီး သစ်ခုတ်သမားကို သမင်လေးဘယ်မှာလဲလို့မေးတယ်။ ရိုးအတဲ့သစ်ခုတ်သမားက သမင်လေးပြောပြတဲ့ နတ်သမီးလေးအကြောင်းကို မုဆိုးကိုပြောပြလိုက်တယ်။ နတ်သမီးတစ်ယောက်ရဲ့ ၀တ်စုံကိုခိုးယူထားလိုက်ရင် အဲဒီနတ်သမီးဟာ ကောင်းကင်ကိုမပျံနိုင်တော့ဘူးတဲ့။ အဲဒီနတ်သမီးနဲ့တစ်သက်လုံး လက်ထပ်ပြီးနေနိုင်တာပေါ့။ မုဆိုးကပြောလိုက်တယ် သမင်က မင်းကိုလိမ်တာပဲ။ ဒီတောထဲမှာ ဒီအကြောင်းမသိတဲ့လူမရှိဘူး။ မင်းဇီးကွက်ကိုသိတယ်မို့လား။ သူလည်း သမင်ရဲ့လိမ်လည်မှုကို ခံနေရတာ။ ဇီးကွက်တွေကဟာ နေမင်းကြီးကို တစ်နေကုန်မော့ကြည့်နေရင် ပျံလွှားတွေလို အမြင်စူးရှလာမယ်လိမ့်မယ်လို့ လိမ်လည်ခဲ့လို့ ခုဆိုဇီကွက်တွေအားလုံး မျက်လုံးမွဲနေတယ်။ မုဆိုးက သစ်ခုတ်သမားကို ညာပြောပြီး နတ်သမီးတွေရှိတဲ့ရေကန်ကို သွားတယ်။ မုဆိုးက နတ်သမီးလေးရဲ့ဝတ်စုံကိုဖွက်ထားပြီး နတ်သမီးလေးကို ဖမ်းလိုက်တယ်။ ပြီးတော့ အတူနေကြတယ်။ သားသမီးနှစ်ယောက်ရတော့ နတ်သမီးလေးက သူ့ဝတ်စုံကိုရှာတွေ့ပြီး ကလေးနှစ်ယောက်နဲ့ နတ်ပြည်ကိုပြန်တက်သွားတယ်။ မုဆိုးတစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ဒီပုံပြင်လေးက တစ်ချိန်ကျတော့ မိန်းမတွေက ယောင်္ကျားတွေကို ထားခဲ့တာပါပဲလို့ ပြောချင်တာပါတဲ့။

0 comments:

Post a Comment