Sunday, August 9, 2009

သွားခွင့်ပြုပါ

သာယာတဲ့ကောင်းကင်အောက်မှာ
မသာယာတဲ့ဘ၀များဘယ်လောက်တောင်ရှိနေလဲ

ပြာလွင်နေတဲ့ကောင်းကင်အောက်မှာ
နာကျင်နေတဲ့ဘ၀များဘယ်လောက်ရှိနေလဲ

လှပတဲ့ဘ၀တွေအတွက်
မလှပတဲ့ဘ၀တွေက

ပျော်ရွှင်နေရမလား
ဂျေဝင်နေရမလား
အားကျနေရမလား

ဘာကြောင့်ပျော်ရွှင်နေတဲ့သူအများကြီးမှာမှ
ဘာလို့မပျော်ရွှင်နိုင်ရတာလဲ

ဘာကြောင့်နာကျင်နေတဲ့ဘ၀မှာ
နာကျင်စရာတွေထပ်ရနေရသလဲ

ရှေ့ဆက်ရမယ့်ဘ၀အတွက်
ရစရာက နာကျင်စရာဆိုရင်
ခုထဲကအသေသတ်လိုက်ပါ... ကံကြမ္မာရယ်.....

0 comments:

Post a Comment