Thursday, August 27, 2009

မှတ်သားဖွယ်စကားမျာ(၂)


  1. သစ္စာရှိခြင်းသည် တရားမျှတသည်။
  2. အချိန်နဲ့ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကိုပေးတယ်။
  3. သင်၏ကျေနပ်မှုရရှိစေရန်အတွက် စားပါ၊ အခြားသူများကျေနပ်မှုရရှိစေရန်အတွက် ၀တ်ဆင်ပါ။
  4. ဘ၀ဟာ အဆွေးဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။
  5. သက်ရှိသတ္တ၀ါများအနက် လူသာလျှင် စိတ်ရဲ့ခံစားမှုများကို အလူးအလဲခံစားတတ်ကြသဖြင့် ရယ်မောတတ်အောင် သဘာဝတရားက အတင်းအကြပ် ဖန်တီးပေးထားတယ်။
  6. ဘ၀မှာ အဆင်မပြေသောအရာများကို တွေ့သောအခါ ရယ်မောခြင်းဖြင့်ခွင့်လွတ်နိုင်ပါစေ။
  7. ခွင့်လွတ်ရန်လွယ်ကူသော်လည်း မေ့ပစ်ရန်မှာခက်တယ်။
  8. နှလုံးသားထဲ၌ အစွန်းထင်းခြင်းထက် မျက်နှာတွင်ရှက်သွေးဖြာခြင်းက ပိုလို့ကောင်းပါတယ်။
  9. ကတိပေးရာ၌အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တသွေမတိမ်း လုပ်ဆောင်တယ်။
  10. အိပ်စက်ခြင်းကကောင်းတယ်၊ သေဆုံးခြင်းကပို၇်ျကောင်းတယ်၊ ထို့ထက်အကောင်းဆုံးမှာ လုံဝမမွေးဖွားလာခြင်းပဲဖြစ်တယ်။
  11. ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသေ အောင်ပွဲဖြစ်တယ်။
  12. အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်ဖြစ်သည်။
  13. နေအိမ်တိုင်းသည် တက္ကသိုလ်များဖြစ်ကြ၇်ျ မိဘများသည် သင်ကြားသူဆရာများဖြစ်ကြသည်။
  14. အိမ်ဟူသည်မှာ နှလုံးသားရှိသောအရာပင်ဖြစ်သည်။
  15. မျက်ရည်သည် သင်၏ငြိမ်သက်သော ဘာသာရပ်ဖြစ်သည်။
  16. အရှုံးနှင့်ရင်ဆိုင်ရသောအခါ၌အနိုင်ရသူများ၏ အပြုအမူများကို အတုယူတတ်ပါစေ။
  17. ပြောစရာရှိလျှင်ပြောပါ။ မပြောလို့မမှားခြင်းထက် ပြောလို့မှားခြင်းက တော်သေးတယ်။ လူသာလျှင်စကားမှားနိုင်တယ်။ စကားမပြောတတ်တဲ့ တိရိစ္ဆာန်တွေဟာ အဘယ်အချိန်မှ မမှားနိုင်ဘူး။ လူတွေစကားမမှားဖူးတဲ့သူမရှိ။
  18. တိတ်တိတ်နေပါ။ ဒါမှမဟုတ်ရင်လည်း တိတ်တိတ်နေတာထက်ကောင်းတဲ့ စကားကိုပြောပါ။
  19. ဥယျာဉ်မှုးအဖို့ ပန်းများကိုခင်မင်နှစ်သက်ပါသည်ဟုဆုံရုံနှင့် မလုံလောက်သေးပါ။ ပေါင်းပင်များကိုလည်း မုန်းနေရဦးမည်။
  20. သူတစ်ပါး၏အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့်နားလည်မှုကို လက်ကိုင်ပြုလျှင် ဘ၀တာသည် ရန်ငြိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထိုထက် သဘောထားသေးသိမ်ခြင်းနှင့် ကရုဏာကင်းမဲ့ခြင်းသည် သာ၇်ျတိုတောင်းသည်။
  21. ပူဆွေးမှုသည် တစ်နာရီကို ဆယ်နာရီဟု ထင်မှတ်ရလေသည်။
  22. ဆုံးရှုံးပြီးမှ တန်ဖိုးသိရသောအရာနှစ်ခုရှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းဖြစ်သည်။
  23. သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးဖြစ်သည်။
  24. ရေထဲကငါးကိုမျှော်နေရသည်ထက် အိမ်ပြန်၇်ျ ပိုက်ကွန်ရက်လုပ်ခြင်းက ပို၇်ျကောင်းသည်။

0 comments:

Post a Comment