skip to main |
skip to sidebar
မိန်းမတွေဟာ သူတို့ဘဝမှာ တစ်နှစ်ကို လေးလလောက် မျက်ရည်ကျ ငိုကြတယ်လို့ ရှာဖွေတွေ့ရှိမှုများအရ သိခဲ့ရပါတယ်။ အမျိုးသမီး ၃ဝဝဝ လောက်ကို ဆန်းစစ်ကြည့်တဲ့အခါမှာ မိန်းမတွေဟာ သူတို့ရဲ ပထမအရွယ် တစ်နှစ်မှာ ဆိုရင် တစ်ရက်ကို သုံးနာရီလောက်ငိုကြပါတယ်။ အဲဒီအချိန်တွေကတော့ အပြောင်းအလဲ ၊ အစားအစာ နဲ့ ဖျော်ဖြေမှုတို့ကို သူတို့လိုချင်တဲ့အချိန်တွေ မှာဘဲဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်ကျတော့ တစ်ပါတ်မှာ နှစ်နာရီနဲ့ ၁၃ မိနစ်ခန့် ငိုကြပါတယ်။ အသက်နှစ်ဆယ် ပါတ်ဝန်းကျင်အရွယ်တွေကျတော့ တစ်ပါတ်ကို ၂.၂၄ နာရီလောက်ငိုတတ်ကြပါတယ်။ ဒါတွေကတော့ သူငယ်ချင်းနဲ့ ခွဲရတာတို့ ရုပ်ရှင်ကြည့်ပြီးငိုတာတို့ အသဲကွဲ လို့ငိုတာတွေဘဲဖြစ်ပါတယ်လို့ The Daily Express မှာ ဖော်ပြခဲ့ပါတယ်။ လေ့လာချက်များအရတော့ မွေးကတည်းကနေ အသက် ၇၈ နှစ်လောက်အရွယ်အထိမှာ မိန်းမတွေဟာ ၁၂၀၁၃ နာရီလောက် ငိုကြမယ်လို့ တွေ့ရှိရပါတယ်။ Kathryn Crawford ဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ ဒါတွေဟာ ကလေးတွေနဲ့ ဆယ်ကျော် သက်တွေ မှာအများဆုံးဘဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
0 comments:
Post a Comment