Tuesday, August 4, 2009

မုသားဖော်စက်

အစောဆုံးမုသားဖော်စက်(Life Detector)ကို ၁၉၀၂ခုနှစ်က ဂျိမ်းစ်မက်ကန်ဇီဆိုသူက တီထွင်
ခဲ့သည်။ ခေတ်မီမုသားဖော်စက်ကိုမူ ၁၉၂၁ခုနှစ်က ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆေးကျောင်းသားဂျွန်
လာဆင်က တီထွင်ခဲ့သည်။ ထိုစက်ကို ၁၉၂၄ခုနှစ်မှစ၍ မှုခင်းမျာစုံစမ်းစစ်ဆေးမေးမြန်းရာတွင် အသုံးပြုခဲ့
သည်။ မုသားဖော်စက်သည် ယခုအချိန်အထိ စိတ်ရောဂါအထူးကု ဆရာဝန်များအကြား အငြင်းပွားဖွယ်အ
ဖြစ်ရှိနေဆဲ ဖြစ်ပြီး၊ ၄င်း၏အဖြေများကိုလည်းမှန်သည်ဟု အမြဲတမ်းမယူဆပေ။ မုသားဖော်စက်သည် မေး
ခွန်းများမေးနေစဉ်အတွင်း အာရုံခံကိရိယာငယ်များတပ်ဆင်ထားကာခန္ဓာကိုယ်၏တုံ့ပြန်မှုအမျိုးမျိုးကိုမှတ်
သားဖော်ပြပေးပြီးအကယ်၍လိမ်ညာပြောဆိုမှုများလေလေ၊ စက်တွင်ထူးခြားသည့် သင်္ကေတများကိုမြင်
တွေ့ရမည့်အနေအထား ဖြစ်သည်။မုသားဖော်စက်ဖြင့်မေးမြန်းစမ်းသပ်ရာတွင်အသက်ရှူနှုန်း၊သွေးဖိအား၊
သွေးခုန်နှုန်း၊ ချွေးထွက်ခြင်း၊ စသဖြင့် တုန့်ပြန်လှုပ်ရှားမှုမှန်သမျှကို ဂရပ်ပေါ်တွင်မြင်တွေ့ရမည်ဖြစ်သည်။
စစ်ဆေးမေးမြန်းသူက ၂နာရီခန့်ကြာအောင် မေးမြန်းပြီးထွက်ရှိလာသော အဖြေများကို ကျွမ်းကျင်သူများ
ကကြည့်ရှုပြီး အဖြေဖော်ထုတ်ကြသည်။ (လိမ်လို့တောင် မရတော့ဘူးပေါ့နော် :P)

0 comments:

Post a Comment