Thursday, August 6, 2009

ချစ်သူဆိုပြတဲ့သီချင်း

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုလေးကို လိုချင်ကြတယ်။ ကျနော်လည်း ဒီလိုပါပဲ။ အချိန်တော်တော်များများ ချစ်သူရဲ့ ဂရုစိုက်မှုလေးကို မရခဲ့ဘူးလို့ထင်ခဲ့တယ်။ အမြဲတမ်းလိုလို အဲလိုပဲတွေးမိနေတာ။ နောက်ဆုံးကျတော့ သူရဲ့ဂရုစိုက်မှုလေးကို မြင်မြင်လာရတယ်။ တကယ်တော့ သူဂရုမစိုက်တာ မဟုတ်ဘူးထင်ပါတယ်။ အဲဒါသူ့အကျင့်လေးလေ။ ကြုံရပါများတော့လည်း တခါတလေ စိတ်ညစ်တယ်။ သူ ကျနော့်အပေါ်ချစ်တဲ့ အချစ်ကကို ထူးဆန်းနေခဲ့တာပါ။ အချိန်တိုင်း သူ့ဆီက ချိုမြိန်တဲ့ တုံ့ပြန်မှုတွေကိုပဲ မျှော်လင့်နေခဲ့တာ။ အေးစက်စက်နေတတ်တာလည်း သူ့အကျင့်လေးပါပဲ။ ကျနော်နဲ့တွေ့ရင်လည်း တစ်ယောက်တည်း သီချင်းလေးတြွေငီးနေတတ်တယ်။ ဝေးနေရတာဆိုတော့လည်း သူ့နှုတ်ခမ်းလေးလှုတ်တာကလွဲရင် သူ့အသံလေးကို မကြားခဲ့ရဘူး။ သူ သီချင်းဆိုနေတယ်ဆိုတာတော့ ကျနော်သိတယ်။ ကျနော့်ကို သီချင်းဆိုပြဖို့ အခါခါပြောဖူးတာပေါ့။ သူရှက်နေလို့ထင်တယ်။ အချိန်အတော်ကြာအောင် သူ့သီချင်းသံလေးကို ကျနော်မကြားခဲ့ရဘူး။ တစ်နေ့ပေါ့။ ဖုန်းပြောဖြစ်ခဲ့ကြတယ်။ ဒီတစ်ခါတော့ ကျနော့်ဆန္ဒတွေပြည့်ဝခဲ့ရတယ်။ ကျနော် အရမ်းပျော်ခဲ့တာပေါ့။ သူဆိုပြတဲ့သီချင်းလေးက ကျနော့်အတွက် အမြဲတမ်းအမှတ်တရဖြစ်နေမှာပါ။

Download.....Proud of you
Download.....Proud of you

0 comments:

Post a Comment