Wednesday, August 19, 2009

လင်နှင့်မယားကျင့်ဝတ်


လင် ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီးမယားအား အခါအားလျော်စွာ အ၀တ်အစားအသစ်အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။


မယား ကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်မှုကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
(၃) မိမိယောက်ျားမှ တစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

0 comments:

Post a Comment