Saturday, August 1, 2009

အာကာသခရီးတိုသွားမယ်

Virgin Galactic ကုမဏီဧ။် အာကာသခရီးတိုသွား အပျော်စီးအာကာသယာဉ်ကို သယ်ဆောင်ပေးမည့် WhiteKnightTwo နှစ်စီးတွဲ လေယာဉ်အား ဇူလိုင်လ ၂၇ ရက်နေ့တွင် ပထမဆုံး စမ်းသပ်မောင်နှင်ခဲ့ကြောင်း သိရသသည်။ အခကြေးငွေပေးကာ မည်သူမဆို အာကာသတွင်း သွားရောက်နိုင်သော အာကာသခရီးသွားလုပ်ငန်းကို စွန့်ဦးဆောင်ရွက်သည့် ကုမဏီအဖြစ် Virgin Galactic ကစတင်ဆောင်ရွက်ခြင်းဖြစ်သည်။ WhiteKnightTwo လေယာဉ်သည် SpaceShipTwo အာကာသယှာုအား သယ်ဆောင်က နယူးမက္ကဆီကိုပြည်နယ်မှ ထွက်ခွာမည်ဖြစ်သည်။ ပေ ၅၀၀၀ အရောက်တွင် အာကာသယာဉ်သည် ခွဲထွက်ပြီး အာကာသတွင်းသို့ အသံထက်လေးဆမြန်သော အမြန်နှုန်းဖြင့် ထိုးတက်သွားမည်ဖြစ်သည်။ လိုက်ပါလာသော ခရီးသည်ခြောက်ဦးသည် ၅ မိနစ်ကြာမျှ အာကာသတွင်း ဆွဲငင်အားမဲ့ အခြေအနေကို ခံစားရမည်ဖြစ်ပြီး ကမ္ဘာမြေပြင်ကို အထက်စီးမှ ကြည့်ရှု့နိုင်မည်ဖြစ်သည်။ ယင်းနောက် အာကာသလွန်ပြန်ယှာုများကဲ့သို့ပင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်လာမည်ဖြစ်သည်။ ထွက်ခွာစဉ်မှ မြေပြင်သို့ ပြန်လည်ဆင်းသက်ချိန်အထိ ၂ နာရီခွဲမျှ ကြာမြင့်မည်ဖြစ်သည်။ အာကာသခရီးတိုအတွက် လူတစ်ဦးလျှင် ဒေါ်လာနှစ်သိန်းမျှကျသင့်မည်ဖြစ်ပြီး ကြိုတင်စာရင်းသွင်းထားသူ ၃၀၀ မျှရှိသည်ဟု သိရသည်။ ပုံမှန်အာကာသခရီးသွားများမှာ ရုရှားအာကာသယာဉ်များဖြင့် လိုက်ပါလေ့ရှိပြီး ခရီးစဉ်မှာ ၁၀ ရက်အထိ ကြာမြင့်လေ့ရှိသည်။ ကုန်ကျစရိတ်မှာလည်း ဒေါ်လာသန်း ၂၀ အထိရှိသောကြောင့် တတ်နိုင်သူနည်းပါးသည့် အာကာသခရီးတိုသွားအစီအစဉ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment