Wednesday, August 26, 2009

မှတ်သားဖွယ်စကားများ(၁)


  1. ကူညီလိုစိတ်ရှိသူတွင် ဝေဖန်နိုင်ခွင့်ရှိတယ်။
  2. ပေးခဲ့သောကတိသည် ပြီးခဲ့သောအခြေအနေကြောင့်ဖြစ်တယ်။ ကတိကိုဖောက်ဖျက်ခြင်းက လက်ရှိအခြေအနေရဖြစ်တယ်။
  3. သူငယ်ချင်းဆိုသည်မှာ ၄င်အပေါ်ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင်ဖြစ်တယ်။
  4. မျှော်လင့်ခြင်းဆိုသည်မှာ လမ်းလျောက်နေသောအိပ်မက်ဖြစ်တယ်။
  5. လူ၌ဒုတိယအကြိမ် တွေးတောစဉ်းစားမှုဟာ အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်တယ်။
  6. သည်းခံတတ်သူရဲ့ဒေါသကို သတိထားပါ။
  7. အလုပ်ပြီးဆုံးခြင်းရဲ့ဦးတည်ချက်မှာ သက်သောင့်သက်သာနှင့် အနားယူရန်ဖြစ်တယ်။
  8. ယုံကြည်စိတ်ချရသောကြောင့် ပျက်စီးရခြင်းထက် စိုးရိမ်စိတ်လွန်ကဲသောကြောင့် အထင်သေးခံရခြင်းက ပိုကောင်းသေးတယ်။
  9. လူတိုင်းဟာ ချစ်ရာမှာမြန်ဆန်တတ်ပြီး တစိမ့်စိမ့်ဖြင့်မုန်းတတ်ကြတယ်။
  10. သံသည် အသုံးမပြုသဖြင့် သံချေးတတ်တယ်။ စီးဆင်းခြင်းမရှိတဲ့ရေက သန့်ရှင်းမှုပျောက်ပျက်စေပြီး ဆောင်းရာသီမှာခဲစေတယ်။ စိတ်ကိုအလုပ်မလုပ်တဲ့အခါ စိတ်ရဲ့တက်ကြွမှုများ ပျော့ညံ့စေတယ်။
  11. ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင်ချမ်းမြေ့နေခြင်းပင်ဖြစ်တယ်။
  12. သံနိဋ္ဌာန်ချရာ၌နှေးပါ၊ လအ်ြဆောင်ရာ၌မြန်ပါ။
  13. ငွေကြေးဥစ္စာသက်သက် အိမ်ထောင်ပြုခြင်းက ပြည်တန်ဆာလုပ်တာနဲ့အတူတူပဲ။
  14. စိတ်ပါဝင်စားမှုမရှိပဲနဲ့ မည်သည့်ကြီးမားတဲ့အရာကိုမျှ မရနိုင်ပါ။
  15. ဘ၀မှာ ၀မ်းနည်းစရာဆိုလို့နှစ်ခုပဲရှိတယ်။ ပထမတစ်ခုကတော့ သင့်ရဲ့နှလုံးသားဆန္ဒအလိုတွေ မပြည့်တာဖြစ်ပြီး ကျန်တစ်ခုကတော့ အဲဒီအရာကို ရလိုက်တာပဲ။
  16. ပညာ၏အမြစ်များမှာ ခါးသီးသော်လည်း အသီးမှာချိုတယ်။
  17. အကယ်၇်ျသင်သည် အလုပ်မရှပဲအားနေလျှင် တစ်ယောက်တည်းမနေပါနှင့်။ တစ်ယောက်တည်းဖြစ်နေခဲ့လျှင် ဘာမှမလုပ်ပဲထိုင်မနေပါနှင့်။
  18. ပြင်ပအသွင်အပြင်များဟာ လှည့်ဖြားမှုတစ်ခုသာဖြစ်တယ်။
  19. လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာအရေးကြီးတယ်။
  20. လူတစ်ယောက်ရဲ့သမိုင်းကြောင်းဟာ သူရဲ့စာရိတ္တပဲဖြစ်တယ်။
  21. သင့်လောက်ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
  22. ဆင်ဆင်ခြင်ခြင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏အကောင်းဆုံး ဆရာဝန်နှစ်ဦးဖြစ်တယ်။
  23. အနည်းငယ်သုံးဆွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေးတစ်ပေါက်က အလွန်ကြီးမားတဲ့ သဘောင်္တစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

0 comments:

Post a Comment