ငယ်နဲ့ဝေးနေရတဲ့အချိန်လေးမှာ
ဒီအိမ်လေးက ကိုကို့အတွက် ရင်ဖွင့်စရာနေရာလေးပါ
ငယ်မပြောပြဖြစ်တဲ့အကြောင်းလေးကို
ပြောပြဖို့ သေချာပြန်စဉ်းစားလိုက်ပါအုံးနော်
ဘယ်လိုကိစ္စပဲဖြစ်ဖြစ်
နှစ်ယောက်လုံးလက်တွဲပြီးဖြေရှင်းချင်တယ်
စိတ်မကောင်းစရာဆိုလည်း ငယ်တစ်ယောက်တည်းမခံစားပါနဲ့နော်
ငယ့်ရှေ့မှာကိုကိုအမြဲတမ်းရှိနေမှာပါ
ကိုကို့ကိုချစ်ရင်ပြောပြနော် ငယ်
ငယ်ပြောပြလို့ ကိုကိုစိတ်မကောင်းရမှာထက်
မပြောပြလို့ နေရခက်တာက ပိုဆိုးပါတယ်
ခုလည်းသိနေပြီလေ ပိုသိလည်း ပိုမခံစားရပါဘူး
ဘာမှန်းဆက်မသိသေးတော့ အရမ်းနေရခက်နေတယ်
မပြောပြတဲ့ ငယ့်မှာလည်း စေတနာတစ်ခုကြောင့်ဖြစ်မယ်လို့
ကိုကိုတွေးပေးပါတယ် သိလည်း သိပါတယ်
ဒါပေမယ့် အဲလိုလေး သိတာတောင် ကိုကိုနေလို့မရဘူး
ဒီနေ့ကစပြီး ကိုကိုအဲလိုလေးဖြစ်သွားတော့မှာ
ကြည့်ရက်လား ငယ်ရယ်
ဟိုးအရင်ကတည်းက ငယ်နဲ့ပတ်သက်ရင်
ကိုကိုက အားငယ်နေတာ
တစ်ချိန်ကျရင် ငယ်နဲ့ဆုံနိုင်ပါ့မလားဆိုတဲ့အသိနဲ့ပေါ့
ငယ်နဲ့တွေ့လို့ ငယ်ပျော်အောင် စကားတွေပြောပေးနေတယ်ဆိုပေမဲ့
ကိုကို့ရင်ထဲမှာတော့ စိုးရိမ်မှုတွေအပြည့်နဲ့လေ
တကယ်တော့ ငယ်ရယ်
ကိုကိုက ငယ့်ကိုယုံပြီး
ငယ်ကိုကို့ကိုချစ်တယ်ဆိုတဲ့အသိလေးတစ်ခုတည်းနဲ့
လူတိုင်းရဲ့ရှေ့ဆုံးကို ကိုကိုရောက်ချင်ရောက်နေမှာပါ
ဒါပေမဲ့ မိဘတွေဘက်ကိုကြည့်လိုက်နော်
ကိုကို့အတွက်နေရာဆိုတာ မသေချာပါဘူး
ကိုကို အဆိုးဆုံးတွေကို ကြိုတွက်ထားတော့မယ်နော် ငယ်
ကိုကို ငယ့်ကို အရမ်းချစ်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် တသက်လုံးချစ်နေမှာပါ.....
0 comments:
Post a Comment