Thursday, April 30, 2009

ပျော်စရာကောင်းတဲ့ညလေး

ငယ်နဲ့ကိုကို ချစ်သူသက်တမ်း (၅) လပြည့်တဲ့နေ့လေးက

အရမ်းပျော်ဖို့ကောင်းတယ်နော်

အဲဒီညလေးက ကိုကိုနဲ့ငယ့်အတွက်

အမြဲတမ်းအမှတ်တရညလေးနော်

ဖုန်းလည်း အကြာကြီးပြောဖြစ်တယ်လေ

ငယ်က အရမ်းရှက်နေတယ်ကွာ

ကိုကိုနဲ့ငယ်ကြားမှာ ပွင့်ပွင့်လင်းလင်းပေါ့

အရမ်းမရှက်နဲ့တော့နော် ငယ်

ကိုကိုက ငယ့်ကိုအရမ်းချစ်တော့

ငယ်ပြောတာလေးကိုကြားချင်လို့မေးတာပါ

အမြဲတမ်းမှမဟုတ်တာ ငယ်ရယ်

ဖုန်းပြောဖြစ်တဲ့ အချိန်လေးပဲ ကိုကိုကကြားရတာ

နောက်ဆိုရင် ပြောရမယ်နော် ငယ်

ကိုကို့ကိုလည်း ယုံပါကွာ

ကိုကိုပြန်လာရင် ငယ်နဲ့အတူတူနေမယ်နော်

ခုတော့ မနေတတ်အောင် လွမ်းနေပြီ ငယ်ရယ်......


0 comments:

Post a Comment