တစ်ခါတစ်ရံ
နင့်ကိုချစ်နေရတာ
အိပ်မက်တစ်ခုကိုမက်နေရသလိုပဲ။
ငါ့ရှေ့က ဘယ်တော့ပျောက်ကွယ်သွားမလဲ
အမြဲစိုးရိမ်နေရတယ်
မင်း အမုန်း
မင်းရဲ့ ဥပေက္ခာ
ဒါတွေက လောကမှာ
ငါမလိုချင်ဆုံးတွေပဲလေ
ငါချစ်သလောက်ပြန်မချစ်ရင်နေပါ
ဘယ်တော့မှတော့ မုန်းမသွားပါနဲ့
ငါ တန်ဖိုးထားသလောက်
မင်းစိတ်ထဲမရှိရင်နေပါ
ဥပေက္ခာတော့ မပြုခဲ့ပါနဲ့
ချစ်တယ် ချစ်သူ
အဲဒါ လောကမှာ ငါအမြဲပြောနေချင်ဆုံး
စကားတစ်ခွန်းပဲ.....
0 comments:
Post a Comment