Saturday, April 11, 2009

ဆန္ဒ

င်းရဲ့ သောကမီးတွေ ပြေငြိမ်းစေဖို့


မင်းအတွက် နှင်းပွင့်ကလေး ဖြစ်ချင်တယ်


မင်းရဲ့ အလွမ်းပူတွေ ငြိမ်းအေးစေဖို့


မင်းအတွက် မိုးစက်ပွင့်ကလေး ဖြစ်ချင်တယ်


မင်းရဲ့ စိတ်အစဉ် အေးချမ်းစေဖို့


မင်းအတွက် စမ်းရေအေးလေး ဖြစ်ချင်တယ်


မင်းရဲ့ ကြေကွဲမျက်ရေတွေ သွေခြောက်စေဖို့


မင်းအတွက် လေပြေကလေး ဖြစ်ချင်တယ်


မင်းရဲ့ ဘ၀အမောတွေ နာကျင်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့


လက်တွဲဖော်အဖြစ်နဲ့ အားပေးလို့ သက်ဆုံးတိုင်၊


မင်းဘေးနားမှာ နေသွားချင်တယ်


နောက်ဘ၀ထိမှတ်ဥာဏ်တွေကိုယူသွားလို့ရရင်လည်း


နောက်ဘ၀ထိပေါ့ ချစ်သူရယ်.....



0 comments:

Post a Comment