Wednesday, April 15, 2009

သင်္ကြန်အကြတ်နေ့

ငယ်

ဒီနေ့ ကိုကိုတို့ကျောင်းမှာ သင်္ကြန်ပွဲလေးလုပ်တယ်

ရေတော့ပက်လို့မရဘူးပေါ့ ငယ်ရယ်

သူငယ်ချင်းတွေစုပြီး တွေ့ဆုံပွဲလေးနဲ့ပျော်ပွဲရွှင်ပွဲလေးပေါ့

ပျော်ဖို့တော့ကောင်းပါတယ်

အားလုံးပျော်ပျော်ရွှင်ရွင်နဲ့စားဖို့သောက်ဖို့အတွက်

မနက် (၅) ကတည်းက ချက်ကြပြုတ်ကြရတယ်


ကိုကိုတို့က ကြာစံကြော်ကျွေးတာလေ

ပင်ပန်းလိုက်တာ ငယ်ရယ်

ဒီရက်တွေမှာ ဘာမှမလုပ်ရလည်း

လူရောစိတ်ရောပင်ပန်းနေတယ်

ငယ်နဲ့မတွေ့ရလို့လေ

ငယ့်ကိုလွမ်းနေလို့ပေါ့ ငယ်ရယ်

ဘယ်လောက်ပဲပျော်စရာတွေရှိရှိ

ငယ်ကတော့ ကိုကိုအတွေးထဲမှာအမြဲရှိနေတယ်

ငယ့်အတွေးထဲမှာရော ကိုကိုကအချိန်တိုင်းရှိနေလား

တွေ့နေကျနေရာလေးကို မြန်မြန်ပြန်လာပါတော့ ငယ်ရယ်

ကိုကိုအရမ်းလွမ်းနေလို့ပါ

ငယ့်ကိုအရမ်းချစ်တယ်နော်.....


0 comments:

Post a Comment