Tuesday, April 28, 2009

အားပေးဖော်

ငယ်

ကိုကိုနေမကောင်းတော့ ငယ်အရမ်းစိတ်ပူနေတယ်နော်

ငယ်နေမကောင်းတာလေးတောင် ဂရုမစိုက်ပဲ

ကိုကိုနဲ့တွေ့တယ်နော်

အဆင်ပြေတဲ့အချိန်တိုင်း ကိုကိုနဲ့တွေ့ရတာနဲ့

ငယ်လည်းပင်ပန်းနေပါပြီ

သနားလိုက်တာ ငယ်ရယ်

ငယ် ကိုကို့အတွက်စိတ်ပူနေတာ ကိုကိုသိပါတယ်

ကိုကိုနဲ့တွေ့တိုင်းလည်း သက်သာလားကိုကိုလို့ပဲ

ငယ်မေးနေတာနော်

ကိုကို့ရင်ထဲမှာကျေနပ်နေတာပါ

ငယ် ကိုကို့ကို အရမ်းချစ်မှန်းသိလို့လေ

ငယ်နဲ့တွေ့တဲ့အချိန်လေးဆို ကိုကိုကသက်သာတယ်

ငယ့်ကိုချစ်တဲ့စိတ်နဲ့ ဖြစ်မယ်

ကိုကိုနေမကောင်းလည်း ငယ်အားပေးတာလေးနဲ့ သက်သာပါတယ်

အဲဒီစိတ်လေး ကိုကို့ကို အမြဲတမ်းပေးထားနော်ငယ်

ကိုကို သိပါတယ် ငယ်ရယ်

ငယ်က ကိုကို့ဘ၀အတွက် အကောင်းဆုံး

အဖော်မွန်ဆိုတာလေ

ကိုကို့ရဲ့ထာဝရအားပေးဖော်လေးပေါ့.....


0 comments:

Post a Comment