Sunday, April 12, 2009

အိပ်ပျက်ည

ငယ်

ဒီနေရာလေးက ငယ်နဲ့ကိုကို့ရဲ့ ရင်ဖွင့်စရာနေရာလေးပါ

သင်္ကြန်ကျောင်းတွေပိတ်ပြီဆိုတော့

ငယ်လည်း ငယ့်မွေးရပ်မြေလေးကိုပြန်ရောက်နေပြီ

ဟိုးအရင်အချိန်တုန်းက ငယ်နဲ့နေ့တိုင်းတွေ့နေကျလေ

ကုန်းဆုံးသွားမှ တမ်းတတတ်နေတာ မဟုတ်ပါဘူး ငယ်

ငယ့်ကိုချစ်တဲ့သွေးက ကိုကို့ရင်ထဲမှာ

အမြဲတမ်းခပ်နွေးနွေးလေး စီးဆင်းနေဆဲပါ

တွေ့နေကျအချိန်လေးတွေမတွေ့ရတော့ မနေတတ်ဘူးပေါ့

ငယ်နဲ့ ကိုကိုစတွေ့တာက ရန်ကုန်မြေ

အရမ်းချစ်ခဲ့ကြတာလည်း အဲဒီရန်ကုန်မြေမှာပဲလေ

ကိုကိုကတော့ အဝေးမှာပေါ့


ကိုကိုသိချင်တာက အချစ်ဆိုတာ နေရာဒေသ၊

နီးခြင်းဝေးခြင်းနဲ့ဆိုင်လား

ငယ်ဖြေပေးနော်

ရင်ထဲကလာတဲ့အတိုင်းပေါ့ ငယ်ရယ်

ငယ့်မွေးရပ်မြေလေးကိုရောက်သွားရင် ငယ်ကတစ်မျိုးပဲနော်

ကိုကို ဘယ်လိုခံစားရမှာလည်း ငယ်ရယ်

တက်တက်ကြွကြွနဲ့ ဦးဆောင်ပြောနေတဲ့ ကိုကို့ရဲ့စကားတွေ

ငယ့်ရဲ့ စိတ်စိတ်နေမှုလေးတွေအောက်မှာ အားပျော့ခဲ့ရတယ်

ငယ်ရယ်...

ကိုကို ငယ့်ကိုအမြဲတမ်းစိတ်ချမ်းသာစေချင်တာပါ

ငယ့်ကိုအမြဲတမ်းပျော်စေချင်တာပါ

ငယ်နဲ့ပတ်သက်လို့ တစ်ခုခုဖြစ်တိုင်း အရမ်းခံစားရတာ

ကိုကို့အားနည်းချက်တစ်ခုလား

ကိုကို့ကိုယ် ကိုကိုလည်း မေးခွန်းပြန်ထုတ်ရမှာပါ

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုကို ငယ့်ကိုအရမ်းချစ်တယ်

ငယ်နဲ့ ဘယ်တော့မှ မဝေးချင်ဘူး

အရမ်းလွမ်းတယ် ငယ်ရယ်

ဒီနေ့ညတော့အိပ်မပျော်တော့ဘူးပေါ့ .....


0 comments:

Post a Comment