Sunday, April 12, 2009

ကောင်းကင်နဲ့ငှက်ကလေး

အပြာရောင်ကောင်းကင်ရဲ့အောက်မှာ

တိမ်လေးတွေရှိတယ်

ကောင်ကင်ကြီးကတော့ အမြဲတမ်း

အပြာရောင်လေးပဲဖြစ်မှာပါ

တိမ်လေးတွေဆိုတာက အမြဲတမ်းရွေ့လျားနေတယ်

ရေခိုးရေငွေ့တွေပေါင်းစပ်မှ တိမ်လေးတွေဖြစ်လာတာ

ကောင်ကင်ကြီးကတော့ တည်မြဲနေတယ်

တိမ်လေးတွေရဲ့ရွေ့လျားနေမှုကိုကြည့်ပြီး

ကောင်းကင်ကြီးက စိတ်မကောင်းဖြစ်နေမှာ

သူကိုယ်တိုင်တည်မြဲနေတယ်ဆိုတော့

အရာအားလုံးကို တည်မြဲနေစေချင်မှာပါ

ဒါဟာ သဘာဝတရားလို့တွေးပြီး

နားလည်ပေးလိုက်တယ်

အဲဒီအပြာရောင်ကောင်းကင်ကြီးရဲ့အောက်မှာ

ငှက်ကလေးတစ်ကောင်လွတ်လပ်စွာ ပျံသန်းနေတယ်

သူရဲ့လွတ်လပ်မှုကို ကောင်းကင်က မချုပ်ချယ်ပါဘူး

ကောင်းကင်က ငှက်ကလေးကို အမြဲတမ်းလွတ်လပ်နေစေချင်တာ

အမြဲတမ်းပျော်နေစေချင်တာပါ

ဒါပေမဲ့ ငှက်ကလေးကတော့တွေးမိမှာပေါ့

သူဘယ်သွားသွား ကောင်းကင်ကြီးက ချုပ်ချယ်နေတယ်လို့

အဲဒါဖြစ်သင့်တဲ့သဘာတွေလေ

နားလည်ပေးပါ ငှက်ကလေး

ငှက်ကလေးရယ်.......

ဒီအကိုင်းကနေ ဟိုအကိုင်းကိုကူးလိုက်တာနဲ့

မင်းအတွက် ကောင်းကင်အောက်ကလွတ်သွားပြီလို့ထင်နေတာလား

မင်းဘယ်သွားသွား ကောင်ကင်ကြီးက မင်းအပေါ်မှာ ရှိနေမှာပါ

ကောင်းကင်ရဲ့ အုပ်မိုးမှုတွေကိုမရတော့တဲ့ တစ်နေ့

ကောင်းကင်ရဲ့ နွေးထွေးစွာလွှမ်းခြုံထားတဲ့တန်ဖိုးကို

မင်းနားလည်လာမှာပါ.....


0 comments:

Post a Comment