Tuesday, April 14, 2009

သင်္ကြန်အကျနေ့

ငယ်

ဒီနေ့က သင်္ကြန်အကျနေ့လေးနော်

ငယ်နဲ့ဝေးနေရတဲ့အချိန်လေးတွေမှာ

ငယ့်ကိုလွမ်းတဲ့စိတ်လေးနဲ့ အိပ်လို့တောင်မရပါဘူး ငယ်ရယ်

ငယ်ရော ကိုကို့လိုပဲလား

ကိုကို ငယ့်ကို အရမ်းသတိရနေတာပါ

ငယ်ရော ကိုကို့ကိုသတိရရဲ့လား

ဒီနေ့ ကိုကိုနဲ့ငယ် ဖုန်းပြောဖြစ်တယ်နော်

အခါတိုင်းလိုခဏလေးမဟုတ်ဘူးလေ

ငယ်ကျေနပ်မယ်လို့ထင်ပါတယ်

ကိုကိုလည်း အကြာကြီးပြောချင်တာပေါ့ ငယ်ရယ်

နိုင်ငံတွေကခြားနေတာကိုး

အဆင်မပြေလို့ပါကွာ

(၁၂)ရက်နေ့က ကိစ္စလေးကို ငယ်ကစိတ်ကောက်နေတာနော်

ကိုကိုလည်း စိတ်မကောင်းဖြစ်နေတာပါ

ရင်ထဲမှာလည်း အရမ်းလှုပ်ရှားသွားတယ်

ငယ် ကိုကို့ကိုအရင်ကလို မချစ်တော့မှာကိုစိုးရိမ်လို့ပေါ့

ကိုကို ငယ့်ကိုချော့တယ်နော်

ငယ် ဘာပဲပြောပြော စိတ်မဆိုးပါဘူးလို့ပြောတော့

ငယ်က စိတ်ဆိုးလို့မှလည်းမရတာတဲ့

အင်းပေါ့လေ ကိုကိုက ပိုချစ်ရတဲ့သူပဲ

နောက်ဆို ကိုကိုမရှက်တော့ဘူးနော်

တစ်ခါရှက်လိုက်တာ တော်တော်နောင်တရသွားတယ်

ရှက်ကြောဖြတ်လိုက်ပြီ ငယ်ရယ်

တကယ်ပြောတာနော်

ချက်ကြောကတော့ ဟိုးအရင်ကတည်းက ဖြတ်ပြီးသား

ကိုကိုက ငယ်တစ်ယောက်တည်းကိုပဲချစ်တာ

နောက်ဆို ငယ်နဲ့တွေ့ရင် မရှက်တော့ဘူး

အမြဲတမ်းပြုံးပြမယ်

သီချင်းလည်း ဆိုပြမယ်နော် ငယ်

ငယ်ကလည်း လိမ္မာပါတယ်

ကိုကို့အပေါ်ဆို အကြာကြီးစိတ်မကောက်ပါဘူး

ကိုကိုလည်း ငယ်နဲ့အမြဲတမ်းပျော်ပျော်နေချင်တာပါ

ငယ် အရင်ကလိုစကားလေးတွေပြန်ပြောတော့

ကိုကိုအရမ်းပျော်သွားတယ်


ကိုကိုကြားချင်တဲ့စကားလေးတွေလည်း

ငယ်ကပြောပြတယ်လေ

ငယ့်ရင်ထဲကလာတဲ့စကားလေးတွေလို့ ကိုကိုယုံတယ်နော်

ကိုကိုလည်း ကိုကို့ရင်ထဲမှာရှိတဲ့စကာလေးတွေပဲ ငယ့်ကိုပြောတာပါ

အရမ်းချစ်တယ် ငယ်ရယ်

တစ်ဘ၀လုံးအတွက်ပေါ့.....


0 comments:

Post a Comment