Monday, April 13, 2009

သင်္ကြန်အကြိုနေ့

ငယ်

ဒီနေ့က သင်္ကြန်အကြိုနေ့နော်

မြန်မာနိုင်ငံကိုအရမ်းသတိရတယ် ငယ်ရယ်

အထူးသဖြင့် ငယ့်ကိုပေါ့

ငယ်ရော ကိုကို့ကိုသတိရရဲ့လား

သင်္ကြန်မှာ ကိုကိုကိုယ်တိုင်မပျော်ရွှင်ရပေမဲ့

ငယ့်ကိုတော့ပျော်ရွှင်စေချင်ပါတယ်

ငယ် ပျော်ရွှင်နေတဲ့အချိန် ကိုကို့ကိုသတိမရချင်နေပါ

ငယ် ၀မ်းနည်းနေတဲ့အချိန်တော့ ကိုကို ငယ့်အနားမှာရှိနေချင်တယ်

ဟိုအရင်အချိန်တွေကဆို ဒီအချိန်ငယ်ဘာတွေလုပ်နေမလဲဆိုတာ

နာရီလေးကိုကြည့်ပြီး ကိုကိုတွေးနေလို့ရတယ်

ငယ့်ရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို ကိုကိုသိနေတယ်လေ

ခုတော့ တွေးလို့မရတော့ဘူးပေါ့

အတွေးထဲမှာတော့ ငယ်ကအမြဲတမ်းစိုးမိုးနေတာပါ

ဒီနေ့ ကိုကိုတို့အထပ်က ဘုရားခန်းမှာ စမူဆာကျွေးတယ်လေ

ဝိုင်းလုပ်ဝိုင်းစားပေါ့ ငယ်ရယ်

စိတ်ထဲမှာတော့ ကြည်နူးရတာပေါ့

ကိုကိုတို့ဘ၀က ပျော်စရာဆိုတာ ကိုယ်တိုင်ပဲဖန်တီးယူရတာပါ

ဒီနေ့ ငယ်ရောဘာတွေလုပ်ဖြစ်လဲ

ငယ့်ကိုအရမ်းလွမ်းတယ်နော်.....


0 comments:

Post a Comment