Wednesday, April 29, 2009

ချစ်သူသက်တမ်း (၅) လပြည့်နေ့


ငယ်နဲ့ကိုကိုချစ်သူဖြစ်တာ ဒီနေ့ဆို (၅)လပြည့်တဲ့ပြည့်ပြီနော်

ဒီနေ့ ငယ်နဲ့တွေ့ဖြစ်တယ်

ငယ်နဲ့တွေ့ရတဲ့အချိန်လေးကလည်း

ခဏလေးပါလား ငယ်ရယ်

ငယ်ပြောခဲ့တဲ့စကားလေးတွေကတော့

ကိုကို့အတွက် အမြဲတမ်းအမှတ်တရပါ


"မနေ့ ကရော ဒီနေ့ ရော မနက်ဖြန်ရော

ကိုကို့ ကိုချစ်တဲ့အချစ်တွေက တူတူပါဘဲ

နေ့ တွေ ရက်တွေက သတ်မှတ်ချက်တွေပါ

မိုင်ပေါင်းကုဋေ လျှောက်ကြမယ်ဆိုရင်လေ

ဒီနေ့ မှ (၅) မိုင်ဘဲရောက်သေးတယ်နော်

နောက်ရော ခရီးဆုံးအောင်တူတူလျှောက်မှာလား

ငယ်ကတော့ ခရီးအစကနေခရီးဆုံးတဲ့အထိ

ကိုကို့ လက်ကိုတွဲပြီး လျှောက်ချင်ပါတယ်"


ငယ်ပြောခဲ့တဲ့စကားလေးတွေနော်

အဲဒီစကားလေးတွေက ကိုကို့အတွက်

ခွန်အားတွေပါ ငယ်ရယ်

ကိုကိုလည်း ငယ်နဲ့အတူပေါ့

အကွာဝေးတွေနဲ့ကြည့်ရင်တော့ (၅) မိုင်ဆိုတာဟုတ်မှာပါ

အချစ်တွေနဲ့ ဆိုရင်တော့ မိုင်ပေါင်းကုဋေဆိုတာ

ဟိုး အဝေးကြီးမှာကျန်ခဲ့ပါပြီ

ကိုကိုတို့အချစ်တွေကို ဘယ်သူမှမလိုက်နိုင်ပါဘူး ငယ်ရယ်

အချစ်တွေက အရှိန်ကောင်းတယ်နော်ငယ်

အမြဲတမ်းဒီလိုပါပဲ

ကိုကိုတို့သွားချင်တဲ့ခရီးကိုမြန်မြန်ရောက်မှာပါ

ဖြေးဖြေးနဲ့မှန်မှန်ပေါ့ ငယ်ရယ်

ငယ် ကိုကို့ကို ယုံနော်

စိတ်ချလက်ချလည်းနေနော် ငယ်

ငယ်သာ ကိုကို့လက်လေးကိုအမြဲတမ်းကိုင်ထား

ငယ်ကျန်ခဲ့ရင် ကိုကိုလည်းဆက်သွားလို့မရတော့ဘူး

လမ်းပျောက်သွားမှာ

အဲဒီတော့ ကိုကိုတို့လက်ကလေးတွေအမြဲတမ်းတွဲထားမယ်နော်

ဘယ်တော့မှမခွဲဘူး ငယ်ရယ်

ကိုကို ငယ့်ကိုအရမ်းချစ်တယ်

ကိုကိုပြန်အလာကို စောင့်နေနော် ငယ်

ကိုကို ပြန်လာရင် ငယ်နဲ့အတူနေမယ်

ခုချိန်တော့ အလွမ်းတွေကိုယ်စီနဲ့ပေါ့.....

0 comments:

Post a Comment