Thursday, April 23, 2009

အရမ်းရှက်တတ်တဲ့ ချစ်သူလေး

ကျွန်တော့ချစ်သူလေးကလေ

အရမ်းရှက်တတ်တာဗျာ

ကျွန်တော် စကားပြောရင်လည်း

နောက်ကတောင် လိုက်မပြောရဲဘူး

စကားကလည်းနည်းသေးတယ်

စကားမပြောလို့ကျွန်တော်ကပြောရင်လည်း

ကလေးလေးလိုပဲ စိတ်ကကောက်သေးတယ်

ကျွန်တော့ကို မခေါ်တော့ဘူးပဲပြောတာ

အဲဒါသူ့နိုင်ကွက်လေ

ကျွန်တော်ကလည်း တကယ်ကိုအရမ်းချစ်တာကို

အမြဲတမ်းသူစိတ်ချမ်းသာစေချင်တော့အလိုလိုက်တယ်

သူကလည်း ဆိုးတာတော့မဟုတ်ပါဘူး

ချွဲတာလေ ကလေးလေးတစ်ယောက်လို နွဲ့ဆိုးလေးပါ

ကျွန်တော်က သူစကားအများကြီးပြောစေချင်လို့သာပြောရတာပါ

သူပြောတဲ့စကားလေးတွေကိုလည်းနားထောင်ချင်လို့လေ

သူကစကားနည်းရင် ကျွန်တော်က ၀မ်းနည်းတယ်လေ

ရင်ထဲမှာမကောင်းဘူး

သူဘယ်လိုလေးပဲဖြစ်ဖြစ် ကျွန်တော် အရမ်းချစ်တယ်

စိတ်ကောက်လည်း ချစ်တာပါပဲ

ခုရက်ပိုင်း ညပိုင်းတွေလေ

သူနဲ့လူချင်းတွေ့ဖြစ်တယ်

အပြင်မှာတော့မဟုတ်ပါဘူး

vzo ထဲမှာပေါ့

ဖြစ်နိုင်ရင် အပြင်မှာတွေ့ချင်တာပါ

သူ့ပုံရိပ်လေးတွေက ကျွန်တော့်ရင်ထဲက ဖျောက်လို့မရပါဘူး

အချိန်တိုင်း မြင်ယောင်နေတယ်

သူက အရမ်းချစ်ဖို့ကောင်းနေတာကိုး

vzo ထဲမှာလည်း ရုပ်တည်ကြီးနဲ့ဗျာ

တကယ်ပါပဲ

သူ့အပြုံးလေးတစ်ခုကို မြင်ရဖို့

ကျွန်တော်စကားတွေအများကြီးပြောရတယ်

တကယ်တော့ ကျွန်တော်ပြောလိုက်လို့ သူပြုံးလိုက်ရင်

ကျွန်တော့်ရင်ထဲမှာ အရမ်းပျော်တာပါ

သူ့အပြုံးလေးကလည်း ခဏလေးပါ

ကျွန်တော် ဓါတ်ပုံလိုက်ရိုက်ရင်တောင်

ဘယ်တော့မှ မမှီဘူး

အချိန်တိုင်း အတွေးထဲမှာ သူကရှိနေတယ်

သူနဲ့မတွေ့ရရင် အိပ်မပျော်ဘူး

အမြဲတမ်းလည်း လွမ်းနေတာပါ

အရမ်းချစ်တယ် ချစ်သူရယ်.....


0 comments:

Post a Comment