Saturday, April 18, 2009

ချစ်သူရောက်မလာတဲ့နေ့

ငယ်

ဒီနေ့ ငယ်လာမယ်ထင်လို့ ကိုကို ၆ နာရီခွဲကတည်းက အိပ်ယာနိုးနေတာ

တစ်နေ့လုံး ငယ့်ကိုမျှော်နေတာလေ

ငယ်လာနိုင်မဲ့နောက်ဆုံးအချိန်ထိပေါ့

ကိုကိုတွေးနေတာပါ

မိုးတွေရွာနေလို့ ငယ်အိမ်ကထွက်လို့မရတာလား

ကိုကို့ကိုအရင်ကလို မချစ်တော့လို့လား

အရာရာတိုင်းကို အကောင်းဘက်ကတွေးချင်ပါတယ်

ဒါပေမဲ့ ကိုကိုကအရမ်းချစ်နေရတဲ့သူဆိုတော့

ငယ့်ကိုဆုံးရှုံးမှာကြောက်တဲ့အသိနဲ့ အချိန်တိုင်းအားငယ်နေရတာ

စောင့်နေရင်းနဲ့ဝမ်းနည်းလာတယ် ငယ်ရယ်

ငယ်လည်း ခံစားဖူးမှာပါ

ငယ်စောင့်နေတဲ့အချိန် ကိုကိုရောက်မလာရင်လေ

ကိုကို ငယ့်ကိုပြောဖူးတယ်နော်

ငယ်နဲ့ပတ်သက်ရင် အမြဲတမ်းအဆိုးဆုံးတွေကို ကြိုတွက်ထားတယ်လို့

အဆိုးဆုံးတွေကြုံလာရင် ခံနိုင်ရည်ရှိအောင်လို့လေ

တကယ်တမ်းအဆိုးဆုံးတွေကြုံလာခဲ့မယ်ဆိုရင်လည်း

ကိုကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး

ငယ့်ကိုအရမ်းချစ်ခဲ့လို့လေ

ငယ်ရော ကိုကို့ကိုအရမ်းချစ်လား

ကိုကို ငယ့်ကိုအချိန်တိုင်းသတိရနေတာပါ

စာကျက်ချိန်ကလွဲရင်ကျန်တဲ့အချိန်တွေက ငယ့်ကိုလွမ်းတဲ့အချိန်တွေပါ

ငယ်ရောက်မလာတော့ ကိုကိုဖုန်းဆက်လိုက်တယ်နော်

ငယ်က ကိုကို့ကိုစိတ်ကောက်နေတာကိုး

ကိုကို့ချစ်သူက ကလေးလေးပါလားကွာ

ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုကတော့ချစ်တယ်နော်

ချစ်သူတွေကြားမှာအဆင်မပြေတာလေးတွေတော့ရှိမှာပါ

နားလည်မှုလေးတွေနဲ့ ကျော်ဖြတ်ကြမယ်လေ

ကိုကို ငယ့်ကိုအမြဲတမ်းစိတ်ချမ်းသာစေချင်တာပါ

သ၀န်တိုတော့လည်းပြောမိတယ်လေ

ချစ်လွန်းလို့ပါ ငယ်ရယ်

ကိုကိုက ငယ့်ကိုတစ်သက်လုံးစိတ်ချမ်းသာအောင် ထားမဲ့သူပါ

ငယ်နဲ့အတူအတူဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းလေးဖြတ်သန်းချင်တယ်

ကိုကို့ဘ၀ရဲ့အဖြစ်ချင်ဆုံးဆန္ဒပါ

ကိုကို ငယ့်ဆီကိုပြန်လာမယ်နော်

ငယ်လည်း ကိုကို့ကိုသစ္စာရှိရှိစောင့်နေပေါ့

ကိုကို့နဲ့ငယ်ရဲ့စိတ်ကူးထဲက အချစ်အိမ်လေးကို

လက်တွေ့တည်ဆောက်ကြမယ်လေ

ကိုကို ငယ့်ကိုတသက်လုံးချစ်နေမယ်

ငယ်လည်း ကိုကို့ကိုတစ်သက်လုံးချစ်နော်

အချိန်တိုင်းလွမ်းနေတယ်နော် ငယ်.....


0 comments:

Post a Comment