Monday, April 13, 2009

စိတ်ကူးထဲကသင်္ကြန်

ငယ်

မြန်မာတွေရဲ့နှစ်သစ်ကူးတဲ့ သင်္ကြန်ကိုရောက်ပြီနော်

ငယ်နဲ့ ကိုကိုကဝေးနေတာလေ

စိတ်ကူးထဲကနေ ရေလောင်းလိုက်တယ်နော်

ကိုကို ငယ့်ကိုအရင်ဆုံးရေလောင်းလိုက်တာပါ

ငယ်ကလည်း ကိုကို့ကိုအရင်ဆုံးရေလောင်းခဲ့တာပေါ့

မနေ့က မိုးတွေရွာတယ်ဆိုတော့ ဒီနေ့ပိတောက်ပန်းတွေပွင့်တယ်

ကိုကိုက ပိတောက်ပန်းတွေခူးပြီး မနက်စောစော ငယ့်ကိုလာပေးတယ်

ဘာမှလိမ်းခြယ်မထားတဲ့ ငယ့်မျက်နှာလေးက

အရမ်းချစ်ဖို့ကောင်းနေတယ်နော်

ကိုကို့လက်ထဲက ပိတောက်ပန်းတွေကိုမြင်တော့

ငယ်အရမ်းပျော်သွားတယ်

ကလေးလေးတစ်ယောက်လိုပါပဲလား ငယ်ရယ်

နောက်နှစ်သင်္ကြန်တွေလည်း ဒီလိုပဲစိတ်ကူးထဲမှာပဲတွေ့ကြရအုံးမယ်နော်

ငယ်ရော ကိုကို့လိုတွေးကြည့်မိလား

ကိုကိုကတော့ ငယ်နဲ့ပတ်သက်ရင် အများကြီးမျှော်လင့်ထားတာပါ

စိတ်ထဲမှာတော့ စိုးရိမ်နေတယ်

တခါတလေလည်း ရင်ထဲမှာတွေဝေနေတယ်

တွေ့ရမှာလား တွေ့ကြပါ့မလား

မသေချာတဲ့ မနက်ဖြန်ကိုအတင်းဖမ်းလို့ 

မျှော်လင့်ချက် ထားရတာ မောပေါ့

တနေ့ တော့ ကိုကိုအရောက်လာခဲ့ မယ် ငယ်ရယ်

ငယ်မျှော်နေနော်

ကိုကို ငယ့်ကိုအရမ်းချစ်တယ်.....


0 comments:

Post a Comment