Friday, April 17, 2009

နှစ်သစ်

ငယ်

ဒီနေ့က ကိုကိုတို့မြန်မာတွေရဲ့နှစ်သစ်လေးနော်

ဒီနေ့ ငယ်နဲ့ဖုန်းပြောဖြစ်တယ်

မတွေ့ရတဲ့နေ့လေးတွေမှာ ငယ့်ကိုအရမ်းလွမ်းနေတာပါ

ဝေးနေမှပိုပြီးချစ်မှန်းသိတယ် ငယ်ရယ်

ငယ်နဲ့ဝေးနေရတဲ့အချိန်လေးတွေက

ကိုကို့အတွက်တော့တကယ်ကို အထီးကျန်နေခဲ့တာပါ

အချိန်တိုင်းလည်းအရမ်းသတိရနေတယ် ငယ်ရယ်

ငယ်ရော ကိုကို့ကိုသတိရနေပါ့မလားလို့တွေးမိတယ်

သတိရနေပါနော် ငယ်

ဒီနှစ်သစ်လေးကစပြီး ငယ်နဲ့ကိုကို

ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင်လေးနေကြမယ်လေ

အရာအားလုံး ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့ ငယ်ရယ်

ပွင့်ပွင့်လင်းလင်းပေါ့

ငယ်က ကိုကို့ကိုစိတ်ကောက်နေတာနော်

ငယ်စိတ်ကောက်နေလည်း ကိုကို့အတွက်တော့ချစ်စရာလေးပါ

တကယ်ကလေးလေးပါလား ငယ်ရယ်

ငယ်ဘယ်လိုလေးပဲနေနေ ကိုကိုချစ်မှာပါ

ကိုကို ငယ့်ကိုဘယ်တော့မှ စိတ်မပျက်ဘူးနော်

ကိုကိုလည်း ငယ့်ကိုဘာလို့အရမ်းချစ်မှန်းမသိဘူး

တစ်ဘ၀လုံးအတွက်ရည်ရွယ်ပြီး ချစ်လိုက်တာပါ

ငယ့်ဆီက ကိုကို့ကိုအရမ်းချစ်တယ်လို့ပြောလိုက်ရင်ပဲ

ကိုကို့အတွက် အရာအားလုံးပြည့်စုံသွားပါပြီ

ငယ်လည်း ကိုကို့ကိုအမြဲတမ်းချစ်နော်

ငယ် စောင့်နေမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့

ကိုကို ငယ့်ဆီကိုပြန်လာရမှာ

ကိုကို မျှော်လင့်ချက်လေးတွေက

ငယ်လုပ်ပေးမှပြည့်စုံမှာပါ

ငယ်နဲ့အတူအေးချမ်းတဲ့ဘ၀လေးတစ်ခုကိုပိုင်ဆိုင်ချင်တယ်

အဲဒီအချိန်တွေကိုအမြန်ရောက်ချင်ပြီ ငယ်ရယ်

မနက်ဖြန်တိုင်းမှာ ငယ်နဲ့တွေ့ဖို့ပဲ ကိုကိုမျှော်လင့်နေတာပါ

ခုချိန်မှာတော့

ငယ် ကိုကို့ကိုအမြဲတမ်းချစ်နိုင်ပါစေလို့

ကိုကိုဆုတောင်းနေရတယ်

ဒီနှစ်သက်နဲ့အတူ ကိုကိုသစ္စာပြုပါတယ် ငယ်ရယ်

ကိုကို ငယ့်ကိုထာဝရချစ်နေမယ်.....


0 comments:

Post a Comment