Thursday, April 16, 2009

သင်္ကြန်အတက်နေ့

ငယ်

ဒီနေ့က သင်္ကြန်အတက်နေ့လေးနော်

ငယ် သင်္ကြန်လည်ဖြစ်လား

သင်္ကြန်လည်ဖြစ်တဲ့နေ့လေးတွေ ငယ်ပျော်နေမှာပေါ့နော်

ငယ်ပျော်ရင် ကိုကိုလည်းပျော်ပါတယ် ငယ်ရယ်

အလွမ်းတွေကိုတော့ထွေးပိုက်လို့ပေါ့

ဒီရက်ပိုင်းတွေမှာ ကိုကိုတစ်ယောက်တည်း

အရမ်းကိုအထီးကျန်နေတယ်


အချိန်တိုင်း ဒီဘလော့လေးထဲမှာ စိတ်နစ်ပြီး အလွမ်းဖြေနေရတာ

ငယ့်ကိုလွမ်းတဲ့အလွမ်းလေးတွေရေးရင်းပေါ့

ငယ်ရော ကိုကို့ကိုသတိရနေလား

သတိရတယ်ဆိုတာ နှလုံးသားထဲမှာရှိနေမှပါ

ကိုကို့နှလုံးသားထဲမှာ ငယ်ကအမြဲတမ်းရှိနေတယ်နော်

အလွမ်းတွေကိုအားပြုပြီး ခရီးနှင်လို့ရရင် ကောင်းမယ် ငယ်ရယ်

ငယ်နဲ့တွေ့ချင်လို့လေ

ငယ့်ဆီကိုအရောက်လာချင်တယ်

ဆုံနိုင်ခွင့်လေးရှိပြန်တော့လည်း

ဝေးကွာခြင်းက တားဆီးနေတယ်

ဘ၀တွေကခါးလိုက်တာ ငယ်ရယ်

ငယ်နဲ့အမြန်ဆုံးဆုံတွေ့ချင်ပြီ

ဒီနှစ်သစ်လေးကနေ နောက်နှစ်ပေါင်းများစွာထိ

ကိုကိုတို့တစ်ယောက်ကိုတစ်ယောက်

သစ္စာရှိရှိနဲ့ တစ်သက်လုံးချစ်ကြမယ်နော်

ငယ် ကိုကို့ကိုကတိပေးတယ်မို့လား

အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေကြမယ် ငယ်ရယ်

ကိုကို ငယ်နဲ့မခွဲနိုင်တော့ဘူး

ငယ့်ကိုအရမ်းချစ်တယ်.....


0 comments:

Post a Comment