Friday, April 17, 2009

နှစ်သစ်ဆုတောင်း

မျှော်လင့်ခြင်းတွေနဲ့

လမ်းလျောက်နေတဲ့လူတစ်ယောက်

သူရဲ့မနက်ဖြန်တိုင်းမှာ

မျှော်လင့်ခြင်းတွေနဲ့

သူ့အတွက်တော့

သူအရမ်းဖြစ်ချင်တဲ့ဆန္ဒလေး

သူချစ်တဲ့ချစ်သူလေးက

ကမ္ဘာတစ်ခြမ်းမှာ

အချိန်တွေမတူ

နေရာတွေမတူပေါ့

အလွမ်းတွေတော့ရင်ထဲမှာ အပြည့်လေ

တစ်နေ့တော့အတူဆုံတွေ့ကြမယ်

ရင်ထဲမှာဆန္ဒတွေ ကိုယ်စီနဲ့

တကယ်ချစ်ရင်တော့ဆုံတွေ့ကြမှာပါ

နှစ်သစ်နဲ့အတူဆုတောင်းမိတယ်

မျှော်လင့်ခြင်းလေးတွေ

တကယ်ပဲဖြစ်လာပါစေလို့.....


0 comments:

Post a Comment