Wednesday, April 15, 2009

ဆုံးဖြတ်ပါ

ငယ်

ငယ်နဲ့ကိုကို ချစ်သူဖြစ်တာ (၅)လပြည့်တော့မယ်နော်

ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက် ဓါတ်ပုံထဲမှာပဲမြင်ဖူးကြတာ

ခုတော့ အပြင်မှာမြင်ဖူးသွားပြီလေ

အလှအပဆိုတာ သဘာဝကပေးတဲ့ အားသားချက်တစ်ခုပါ ငယ်

ငယ် ကိုကို့ကိုအပြင်မှာ မြင်ဖူးသွားပြီဆိုတော့

ငယ်စဉ်းစားချင်ရင် စဉ်းစားအုံးပေါ့


ငယ့်အချစ်ကို အထင်သေးလို့ပြောတာမဟုတ်ပါဘူး ငယ်

ငယ်နဲ့ဝေးမယ်ဆိုရင်တောင် ကိုကိုကပြေပြေလည်လည်နဲ့ဝေးချင်တာပါ

ငယ် စဉ်းစားအုံးမယ်ဆိုရင်လည်း ကိုကိုစိတ်မဆိုးပါဘူး

ငယ့်ကိုချစ်တဲ့အချစ်တွေက ခွင့်လွတ်မှုတွေအများကြီးပါတယ် ငယ်

ငယ့် ဘက်ကပွင့်လင်းဖို့ပဲ လိုတယ်နော်

ကိုကိုကမျှော်လင့်ချက်တွေအများကြီးနဲ့ပြန်လာရမှာပါ ငယ်


ငယ် စိတ်မပါပဲနဲ့ ကိုကို ငယ့်ဆီက ဘာမှမလိုချင်ပါဘူး

ကိုကို ငယ့်ကိုစမြင်ဖူးမယ်ဆိုတော့ ရင်ခုန်တယ်နော်

ကိုကိုတွေးပြီးသားပါ

ငယ်ဘယ်လိုပုံစံလေးပဲဖြစ်ဖြစ် ကိုကိုချစ်မယ်လို့

ကိုကို ငယ့်ကိုချစ်တာအကြောင်းပြချက်မရှိဘူးလေ

ကိုကို ငယ့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ

အချိန်တွေက ပြောပါလိမ့်မယ် ငယ်ရယ်


ဘာလို့ချစ်တာလဲလို့ ငယ်မေးတော့လည်း ကိုကိုပြောပြတယ်နော်

ကိုကို့ ငယ့်စိတ်လေးကိုပဲချစ်တာပါ

ငယ်ပျော်ရွှင်တာကိုပဲ ကိုကိုမြင်ချင်တယ်

ဖြစ်နိုင်ရင်တော့ ငယ်နဲ့ဘယ်တော့မှမဝေးချင်ဘူးလေ

ကိုကို ငယ့်ကိုအရမ်းချစ်တယ်

ဒါပေမဲ့ ငယ်ရယ်

ငယ် လွတ်လွတ်လပ်လပ်စဉ်းစားပါ

ဘယ်လိုပဲဖြစ်ဖြစ် ကိုကို ငယ့်ကိုအမြဲတမ်းချစ်နေမယ်

ငယ်နဲ့ဝေးသွားခဲ့မယ်ဆိုရင်လည်း ဒီနေရာလေးက

ကိုကို့အတွက် အမြဲတမ်း အလွမ်းတွေနဲ့

ရင်ဖွင့်စရာနေရာလေး ဖြစ်မှာပါ

ကိုကိုစိတ်ကူးထဲမှာတည်ဆောက်ထားနဲ့

ငယ်နဲ့ကိုကိုရဲ့အချစ်အိမ်လေးတော့ ပျက်သွားပြီပေါ့ ငယ်ရယ်

ငယ့်ကိုချစ်တဲ့အချစ်တွေနဲ့ ငယ့်ကိုလွမ်းတဲ့

ကိုကို့ရဲ့အလွမ်းအိမ်လေးကတော့ဆက်လက်တည်ရှိနေအုံးမှာပါ ငယ်.....


0 comments:

Post a Comment