Monday, April 20, 2009

မျှော်လင့်ခြင်းတွေ

ငယ်

အချိန်တိုင်း ကိုကို့အတွေးထဲမှာ

ငယ်က စိုးမိုးနေတယ်

အချိန်တိုင်းလည်း သတိရနေတယ်

ငယ်နဲ့မတွေ့ရတဲ့အချိန်လေးတွေဆို

ကိုကို့ရင်ထဲမှာ ဟာနေတယ်

ရင်ထဲမှာ အလွမ်းတွေအပြည့်နဲ့ပေါ့ ငယ်ရယ်

ငယ့်ကိုလွမ်းတိုင်း ငယ့်ဓါတ်ပုံလေးတွေကိုကြည့်ပြီး

ကိုကိုအလွမ်းဖြေနေရတာ

ငယ်ကအရမ်းချစ်ဖို့ကောင်းတယ်နော်

ငယ့်ရင်ထဲကိုတော့ ကိုကိုမမြင်ရဘူးလေ

ငယ်နဲ့ပတ်သက်တဲ့ ကိုကိုမျှော်လင့်ခြင်းတွေအားလုံးက

စမ်းတ၀ါးဝါးလား ငယ်

ငယ်ပဲသိမှာပါ

မျှော်လင့်ခြင်းဆိုတာ လမ်းလျောက်နေတဲ့အိမ်မက်တဲ့

ကိုကို့ရဲ့မျှော်လင့်ခြင်းတွေတော့ အိမ်မက်တွေ မဖြစ်ပါရစေနဲ့ ငယ်ရယ်

ကိုကို ငယ်နဲ့မခွဲနိုင်တော့ဘူးလေ

ငယ်ရော ကိုကို့လိုပဲလား

ငယ်ပေးတဲ့မျှော်လင့်ခြင်းလေးတွေနဲ့

မနက်ဖြန်တိုင်းကို ကိုကိုဖြတ်သန်းနေတာပါ

မေတ္တာရဲ့အတုံ့အလှည့်ကို ကိုကိုယုံတယ်

ငယ့်အပေါ်မှာထားတဲ့ ကိုကို့ရဲ့မေတ္တာတွေ

ကိုကို့ဆီကို ပြန်လာမှာပါနော်

ကိုကိုကြိုးစားနေတာ အားလုံးက ငယ့်အတွက်ပါ

ငယ့်ဘက်က သေချာဖို့ပဲလိုတယ်နော်

ကိုကို ငယ်နဲ့အတူနေချင်တယ်

ငယ် ကိုကို့ကို သစ္စာရှိရှိနဲ့စောင့်နေနော်

ကိုကို ငယ့်ဆီကိုပြန်လာမယ်

ငယ့်ကိုအရမ်းချစ်တယ်နော်.....


0 comments:

Post a Comment