Saturday, April 11, 2009

လွမ်း

ငယ်

ဟိုးအရင်က နေ့တစ်နေ့တိုင်းဟာ

ကိုယ့်အတွက် မျှော်လင့်ချက်တွေနဲ့ပါ

အရင်ကဆို ကျောင်းကပြန်တိုင်းအရမ်းပျော်တယ်

ငယ်နဲ့တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့

ခုတော့ မျှော်လင့်ချက်တွေကင်းမဲ့နေတယ်လေ

မတွေ့ရတော့လည်း လွမ်းတယ်ငယ်ရယ်

လွမ်းတယ်ဆိုတဲ့စကားထက်

လေးနက်တဲ့စကားရှိမယ်ဆိုရင်

အဲစကားလေးကိုပဲ

ကိုကို ပြောမိမှာပါ

ငယ်ရော ကိုကို့ကိုမလွမ်းဘူးလား

ငယ့်ကို ကို့ကိုအနားမှာခေါ်ထားချင်တယ်ကွာ

အရမ်းချစ်လို့ပေါ့

နေမှာလားငယ်

ငယ့်ကိုစိတ်မချဘူးငယ်ရယ်

ကိုကိုတစ်ယောက်တည်းကိုပဲချစ်နော်

ကိုကိုလည်းငယ်တစ်ယောက်တည်းကိုပဲချစ်တယ်

ကိုကို ငယ့်ဆီကိုပြန်လာခဲ့မယ်နော်

ကိုကို့ကို စောင့်နေနော်ငယ်

ငယ့်ကိုအရမ်းချစ်တယ်.....


0 comments:

Post a Comment