Saturday, April 11, 2009

ဖန်ဆင်းမှု

ငယ်လေးရေ.........
ကိုကိုကတော့
ငယ်လေးနဲ့မတွေ့တဲ့တစ်ရက်ကို
ကြယ်တစ်လုံးအဖြစ်ဖန်ဆင်းပြီး
ကောင်းကင်ထဲ
ပို့လွှတ်လိုက်တယ်

ငယ်လေးဆီကိုပေါ့ (လူကိုယ်တိုင်လာချင်တာနော်)

ကြယ်စင်ဟာ
လမင်းကိုခစားရတယ်ဆိုတာ
အလကားပါငယ်လေးရာ

လမင်းကြီးကသာ
ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့
ပြောင်းလဲတတ်သူပါ
ဒါကြောင့်......ကိုကို့ရဲ့ငယ်လေးကို

လမင်းလေးလို့ မတင်စားရက်ပါဘူး။

ကြယ်ကြွေတိုင်းလည်း
ဆုတောင်းမိတယ်
ကိုကို့နှလုံးသားထဲကြွေဆင်းပါစေလို့။

(အဲဒီကြယ်စင်လေးက ငယ်လေးပေါ့)

ခုဆိုဘာလိုလိုနဲ့

ကိုကိုနေတဲ့မြို့ကောင်းကင်ယံမှာ

ကိုကိုဖန်ဆင်းထားတဲ့ကြယ်စင်တွေ

ငယ်လေးကိုခြံရံလို့

လှပတဲ့ညယံတစ်ခု

ဖြစ်တည်သွားပြီ.....



0 comments:

Post a Comment