Monday, April 20, 2009

ဖုန်းခေါ်တဲ့ကောင်မလေး

ငယ်

ငယ် ကိုကို့ဆီကိုဖုန်းခေါ်တယ်နော်

"နိုင်ငံတွေခြားနေခဲ့လည်း မင်းကငါ့ဆီဖုန်းဆက်ခဲ့တာ"

ဒီသီချင်းလေးလိုပေါ့နော်

ငယ်ကပြောတယ် ကိုကို့ကိုလွမ်းလို့ပါတဲ့

ကိုကိုပျော်လိုက်တာ ငယ်ရယ်

ကိုကိုက ဟန်မဆောင်တတ်ဘူး ငယ်ရ

ငယ်က အဲလိုလေးအလိုက်သိရင် ကိုကိုကပိုချစ်တာပေါ့

ကိုကိုကြားချင်တဲ့စကားလေးတွေလည်း ပြောပေးတယ်နော်

အမြဲတမ်းပြောနေကျမဟုတ်ပဲ

တစ်ခါတစ်ခါမှပြောတတ်တဲ့ စကားလေးတစ်ခွန်းနဲ့တင်

အလင်းမဲ့ညတွေကို လွန်မြောက်စေခဲ့တယ်

ဒီညမအိပ်တော့ဘူးကွာ

စာတွေကျက်ရမှာ အများကြီးမို့လို့

နောက်တာပါကွာ ပျော်လွန်းလို့နော် ငယ်

ကိုကို့ချစ်သူလေးက အရမ်းရှက်တတ်တယ်နော်

မရှက်ပါနဲ့တော့ငယ်ရယ်

ဖုန်းပြောတဲ့အချိန်လေးတော့ ကိုကိုကြားချင်တဲ့စကားလေးတွေ

အမြဲတမ်းပြောပေါ့


ငယ်က ကိုကို့စကားဆိုနားထောင်ပါတယ်

ငယ်ကအရမ်းလိမ္မာတာ ကိုကိုသိတာပေါ့

ဒီနေ့တစ်နေ့လုံး ငယ့်ကိုလွမ်းနေတာလေ

ခုတော့အရမ်းပျော်သွားပြီ

ငယ်နဲ့စကားပြောရလို့ရယ်

မနက်ဖြန်ဆို ငယ်နဲ့နေ့တိုင်းတွေ့ရတော့မယ်လေ

သာယာချိုမြိန်တဲ့ ငယ့်အသံကို

လေလှိုင်းတွေကြားက ကြားရရုံနဲ့

ကိုကို့နေ့ရက်တွေကို ပြည့်စုံစေခဲ့တယ်

ဒီနေ့အတွက်တော့ ပြည့်စုံသွားပြီ ငယ်ရယ်

ဝေးနေရလို့အရမ်းလွမ်းနေရတယ်ဆိုပေမဲ့လည်း

ငယ့်ဆီက တစ်ခါလောက်ပျော်စရာ စကားလေးကြားလိုက်ရရင်ပဲ

ကိုကို ကျေနပ်တယ်နော် ငယ်

အရမ်းချစ်တယ် ငယ်ရယ်

ဖုန်းပြောပြီးလို့ပြန်လွမ်းသွားပြန်ပြီ

အိုဗာတင်းလို့မပြောနဲ့နော်

ကိုကို ငယ့်ကိုအချိန်တိုင်းလွမ်းနေတာ.....


0 comments:

Post a Comment