Friday, April 24, 2009

ပါးကွက်ကြားလေးနဲ့ချစ်သူလေး

ငယ်

ပါးကွက်ကြားလေးနဲ့ အရမ်းလှတယ် ငယ်ရယ်

ကိုကို့ရင်ထဲကိုအေးချမ်းသွားတာပဲ

အဲလိုလေးဆိုတော့လည်း ယဉ်ယဉ်လေးနဲ့ ချစ်ဖို့ကောင်းတယ်

ဲပြုံးလိုက်ရင် ပိုလှတယ်နော် ငယ်

ကိုကိုတကယ်ပြောတာ

ရုပ်တည်ကြီးနဲ့တော့မနေနဲ့

ကိုကိုက ငယ့်ကိုမြင်မြင်ချင်း မှင်သက်သွားတာ

အရမ်းချစ်ဖို့ကောင်းလွန်းလို့လေ

နောက်ဆို ငယ့်ကိုမမြင်ရရင်

ကိုကို အိပ်မပျော်လောက်တော့ဘူး

ငယ့်မျက်နှာလေးကို နေ့တိုင်းတွေ့ချင်တယ်

အိမ်မှာနေရင် နေ့တိုင်း အဲလိုလေးနေနော်

သနပ်ခါးလေးကို ညီညီလေးလိမ်းထားလေ

နောက်ဆို ငယ်လိမ်းပေးရမဲ့ သူတွေရှိလာအုံးမှာ

အတူနေရင်တော့ ငယ့်ကို ကိုကိုလိမ်းပေးမှာပေါ့

သနပ်ခါးလေးတွေလည်း ဖုန်နေအောင် ဖျက်ပေးအုံးမှာနော်

ငယ်က ကိုကို့ကိုတောင် ပြောင်ပြလိုက်သေးတယ်တယ်နော်

ကလေးလေးကျနေတာပဲ

ကိုကို ငယ်နဲ့မခွဲနိုင်တော့ဘူးကွာ

ငယ့်ကိုအရမ်းချစ်နေပြီ.....


0 comments:

Post a Comment